မြောက်ဦးမြို့၌ အခြေခံကျောင်းများရှိ အသက် ၅ နှစ်နှင့် ၁၂ နှစ်အတွင်း ကျောင်းသူ၊ ကျောင်းသားများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မြောက်ဦး ဇွန် ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်နှင့် ၁၂ နှစ် အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများကို ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက် လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ကအခြေခံပညာမူလတန်းကျောင်း စုရပ်များသို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ပုံစံမှာ ဖြည့်သွင်းရေးခိုင်းပြီး၊ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက် ဖြင့်ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေရန် သက်ဆိုင်ရာဌာနများမှ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၄၅၆၉ ဦးတို့ကို ထိုးနှံနိုင်ခဲ့ပြီး ကျန်ရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန် ရှိသူများ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စသည်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)