လှိုင်းဘွဲမြို့နယ် ကျုံပကိုကျေးရွာဒေသထွက် နာနတ်သီးများ ဈေးကောင်းရရှိ

လှိုင်းဘွဲ ဇွန် ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျုံပကိုကျေးရွာနှင့် ကျုံပကိုရွာသစ်ကျေးရွာတွင်  နာနတ်သီးများ အများအပြား စိုက်ပျိုး၍ ပုံမှန်ရောင်းဝယ်ကာ ဈေးကောင်းရရှိ၍ နာနတ်သီးစိုက်ပျိုး သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒီရွာအနီးတစ်ဝိုက်မှာဆိုရင် နာနတ်သီးစိုက်ပျိုးသူ အများအပြားရှိကြတယ်၊ နာနတ်ပင်တွေ စိုက်ပျိုးပြီးရင် အပင်ကို ပြုစုစောင့်ရှောက်ဖို့ သိပ်မလွန်တော့ စိုက်ပျိုးသူက မပင်ပန်းကြဘူး၊ အများအားဖြင့် စိုက်ပျိုးထားကြတယ်၊ ဒီနေ့တော့ နာနတ်သီးက ဈေးကောင်းရရှိကြတယ်၊ ပထမဦးဆုံး ပေါ်ချိန်ဆို နာနတ်သီးတစ်လုံးက အနည်းဆုံး ၂၀၀၀ ကျပ် ရောင်းလို့ရတယ်၊ လမ်းမကြီးဘေးမှာ ရောင်းတယ်ဆိုတော့ ပုံမှန်ရောင်းလို့ရတယ်၊ ဖောက်သည်အနေနဲ့ ၁၅၀၀ ကျပ် ရောင်းပေးတယ်၊ ဖောက်သည်တွေအနေဖြင့် ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ ရွှေဂွန်းကျေးရွာ လူစည်ကားတဲ့ နေရာတွေမှာ လိုက်ရောင်းကြတယ်၊ ခုဆိုရင်အတွဲလိုက်ပဲရောင်းတယ်၊ အလုံးကြီး/သေးပေါ်မူတည်ပြီး ရောင်းတာပေါ့၊ တစ်တွဲဆိုရင် ငါးထောင်ကျပ်၊ တစ်သောင်းကျပ် ဈေးအမျိုးမျိုးရှိတယ်၊ ပုံမှန်ရောင်းလို့ရတဲ့အတွက် ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေကြောင်းနာနတ်သီးစိုက်ပျိုးသူ ဒေါ်နော်မူးဖော်က ပြောသည်။

ကျုံပကိုကျေးရွာနှင့် ကျုံပကိုရွာသစ်ကျေးရွာတွင် ပြည်သူများအနေဖြင့် မိမိခြံကွက်အတွင်းနှင့် မြေလွတ်ရာခြံကွက်များ၊ ရော်ဘာပင်အောက်ခြေတို့ကို နာနတ်ပင်များ အများအပြားစိုက်ပျိုးကာ နာနတ်သီးပေါ်ချိန်တွင်ခူး၍ မိမိအိမ်ရှေ့လမ်းမကြီးဘေး တွင် ရောင်းဝယ်ခြင်း၊ ဖောက်သည်များ အများအပြား လာရောက်ဝယ်ယူခြင်းတို့ကြောင့် နာနာတ်သီးစိုက်ပျိုးသူများအနေဖြင့် ဝင်ငွေများပိုမိုရရှိကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)