ညောင်ရွှေ ဇွန် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ဝန်ထမ်းများအရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ပါအခန်း(၈) ခွင့်ခံစားခြင်းနှင့်အခန်း(၉) ကူးပြောင်းချိန်ကာလသတ်မှတ်ချက်များအကြောင်းကို စာဖတ်ဝိုင်းဆွေးပွဲပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများကတစ်ဦးချင်း ခေါင်းစဉ်အလိုက်ဖတ်ကြား၍ အကြောင်းအရာအလိုက် ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ