ကလေးဝမြို့တွင် ဖမ်းဆီးရမိ ပုံစံ(၈)ဝင်သစ်များ ဖမ်းဆီးအရေးယူမှုတွင် ပါဝင်ခဲ့သူများအား ဆုကြေးငွေများ ပေးအပ်

ကလေးဝ ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဖမ်းဆီးရမိ ပုံစံ(၈)ဝင်သစ်များ ဖမ်းဆီးအရေးယူမှုတွင် ပါဝင်ခဲ့သူများအား ဆုကြေးငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သစ်မာအုပ်စု ဖမ်းဆီးအရေးယူမှုတွင် ပါဝင်ခဲ့သူ ၄ ဦးတို့အား ဆုကြေးငွေ ၂၃၀၉၂ ကျပ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပိတောက်/တမလန်း ဖမ်းဆီးအရေးယူမှုတွင် ပါဝင်ခဲ့သူ ၇ ဦးတို့အား ဆုကြေးငွေ ၅၈၁၇၂၁ ကျပ်နှင့် ကျွန်းသစ် ဖမ်းဆီးအရေးယူမှုတွင် ပါဝင်ခဲ့သူ ၇ ဦးတို့အား ဆုကြေးငွေ ၁၅၉၄၂၆.၄ ကျပ်တို့ကို အသီးသီးချီးမြှင့်ခဲ့ကြောင်း ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။  

သက်ဟန် (ကလေးဝ)