ချင်းရွှေဟော် ဇွန် ၈
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ (၈)ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးက မိမိဒေသတွင် အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားလျက်ရှိပြီး အနာဂတ်အတွက် ကြိုးစားကြရမည်ဖြစ်ကြောင်း ပညာသင်ချိန်တွင် မိဘဆရာများ၏ ဆုံးမစကားများလိုက်နာပြီး အနာဂတ်ရတနာ သားကောင်း သမီးကောင်းများဖြစ်အောင် ကြိုးစားကြဖို့ ဆုံးမစကားပြောကြားပြီး ၀န်ထမ်း(၂၀)ဦး၏ သားသမီး(၂၄)ယောက်အား ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ ကျောင်း၀တ်စုံများထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူမောင်မောင်(ပြန်/ဆက်)