ကွမ်းခြံကုန်း ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက် ရတနာပုဲ(၁)လမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ယမန်နေ့က လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါစျေးရောင်းချရာတွင် ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် (၅) ပြည် တစ်အိတ်လျှင် (၅၀၀၀) ကျပ်ဖြင့် ဆန်အိတ် ၃၀ အိတ်လည်းကောင်း၊ ပေါ်ဆန်မွှေးတစ်ပြည်လျှင် ၁၇၀၀ ကျပ်နှုန်းဖြင့် (၅) ပြည် တစ်အိတ်လျှင် (၈၅၀၀) ကျပ်ဖြင့် ဆန်အိတ် (၅၀) အိတ် လည်းကောင်း၊ ဆီတစ်ဘူးလျှင် (၂၉၀၀) ကျပ်ဖြင့် ဆီဘူး (၄၀၀) လည်းကောင်းနှင့် ကြက်ဥ (၁၀) လုံးတစ်ကဒ်လျှင် (၁၇၀၀) ကျပ်ဖြင့် ၂၀ ကဒ်အား လည်းကောင်း၊ အမဲ ၁ ပိသာ (၁၂၀၀၀) ကျပ်ဖြင့် (၁၅) ပိသာနှင့် ဆိတ် ၁ ပိသာ (၂၂၀၀၀) စျေးနှုန်းဖြစ် (၁၈) ပိသာပြည်သူများအား စျေးနူန်းသက်သာစွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
(ဆွေနွယ်IPRD)