ဒလမြို့နယ်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေး အစည်းအဝေးကျင်းပ

ဒလ ဇွန် ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင်  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်က အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် ဒလမြို့နယ် သန့်ရှင်းသာယာရေးကိစ္စများ၊ မြို့နယ်မှာရှိသည့်ဌာနဆိုင်ရာရုံးများ ဥပဓိ​ရုပ်ကောင်းမွန်စေရေး သန့်ရှင်းရေးကိစ္စများ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စီမံကိန်းကိစ္စများလျာထားချက်အတိုင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြို့နယ်သန့်ရှင်းသာယာရေးအတွက် ကျူးကျော်အိမ်ရာကိစ္စများရှင်းလင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပွဲ ဆောင်ရွက်ရန်ကိစ္စများ၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေသောသန်းခေါင်စာရင်းကိစ္စများ၊ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရန် အခြေခံလူဦးရေစာရင်းများစသည့်လုပ်ငန်းများကို ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ဌာနတွင်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများကို အသီးသီးရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

သီတာဝင်း (IPRD)