တွံတေးမြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲ စတင်ဖြေဆို

တွံတေး    ဇွန်    ၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ် စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ယမန်နေ့နေလည် ၁ နာရီက တွံတေးမြို့နယ် အစိုးရနိကာယ်စာမေးပွဲစာဖြေဌာနဖြစ်သည့် ရွှေလက်ခုပ်ကျောင်း၊ သာသနာ့ဗိမာန်တော်ကြီး၊ ဓမ္မာလင်္ကါရကျောင်းတိုက်၊ ပဏ္ဍိတရာမကျောင်းတိုက်၊ နိဂြောဓါရုံကျောင်းတိုက်နှင့် အာစိဏ္ဏကံတန်ဆောင်တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြိုနယ်၌ အစိုးရ နိကာယ်စာမေးပွဲတွင် တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ် (၅)မြို့နယ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့က သတ်မှတ်အုပ်စု (၉)စုအနက် အုပ်စု(၁)မှ ပါရာဇိတပါဠိ၊ အုပ်စု( ၂)မှ သိလီလက္ခန္ဓဝဂ္ဂပါဠိ၊ အုပ်စု(၃)မှ မူလပဏ္ဍာသပါဠိ၊ အုပ်စု(၄)မှ သဂါထာဝဂ္ဂ၊ နိဒါနဝဂ္ဂသံယုတ္တံပါဠိ၊ အုပ်စု(၅)မှ  ဧကကမှစတုတ္တနိပါတထိ၊ နှင့်အုပ်စု(၈)မှ ဓမ္မသင်္ဂဏီပါဠိ အုပ်စု(၅)အုပ်စုကိုသာ ရဟန်း၊သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်( ၅၄၇)ပါး ဖြေဆိုစာရင်းရှိသော်လည်း အုပ်စု(၁)တွင်စာရင်းရှိ ၄၂၁ အနက် ဖြေဆို ၃၁၅ ပါး၊ အုပ်စု(၂)၌ စာရင်းရှိ ၆၃ ပါးအနက် ဖြေဆို ၅၅ ပါး အုပ်စု(၃)တွင်စာရင်းရှိ ၁၆ ပါးအနက် ဖြေဆို ၁၃ ပါး၊ အုပ်စု(၅)တွင် စာရင်းရှိ ၇ ပါး ဖြေဆို ၇ ပါး၊ အုပ်စု(၈)တွင် စာရင်းရှိ ၄၀ ပါး ဖြေဆို ၃၂ပါးရှိသည့်အတွက် ဖြေဆိုအပါး (၄၂၂)ပါးဖြေဆိုသည့်အတွက် (၇၇.၁၄)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

 တွံတေးသား