အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ အထက်တန်း(၆)ကျောင်း၊ အလယ်တန်း(၇)ကျောင်း၊ မူလတန်း(၄၆)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ချိန်၌ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစွာပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီ၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ(၅၈၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်အား‌ ‌ ဆေးထိုးအဖွဲ့(၁)ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
Jun 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်မင်းစိုးရေးသားပြီး ပီကာမီဒီယာမှရေးသားထုတ်ဝေသည့် လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပခဲ့ ကြောင်း သိရသည်။
Jun 08,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ထိခိုက်မှုလျော့နည်းစေရေး အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်းပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
Jun 08,2022
​​​​​​​ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာကျောင်းများ၌
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၆) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂၀) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(‌၃) အခြေခံပညာအလယ်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 08,2022
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ကာ လူမူရေးပင်စင်အကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 08,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား၊ သူများအား Sinopharm ကာကွယ်ဆေးများကို (ပထမအကြိမ်)အဖြစ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၃၅၅)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။