ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ဒဂုံမြောက် ဇွန်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာကျောင်းသား/သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ယနေ့နံနက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၆) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂၀) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(‌၃) အခြေခံပညာအလယ်တန်းကျောင်းတို့မှ  ကျောင်းသား/ကျောင်းသူများအား  ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ဇွန် ၆ ရက်နေ့မှ စတင်ထိုးနှံပေးရာ (၁၃၀၃)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်‌ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ