ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ကလေး ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်မင်းစိုးရေးသားပြီး ပီကာမီဒီယာမှရေးသားထုတ်ဝေသည့် လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးတွောလ်ဆွင်းဗန်က  စာဖတ်ဝိုင်းတက်ရောက်လာသူများအား စာဖတ်ဝိုင်းပြု ကျင်းပခြင်းရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးတင်မျိုးထွန်းက လူငယ်နဲ့ အထက်တန်းစားအုပ်မှ လူငယ်နဲ့ကျန်းမာရေး၊ လူငယ်နဲ့ အလင်းရောင်ခေါင်းစဉ်များဖြင့် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များ၊ မွန်မြတ်သော စိတ်ဓာတ်ကောင်းများဖြင့် လောကအမှောင်းကိုခွင်း အလင်းကိုဆောင်နိုင်စေမည့် ဗဟုသုတ အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စာပေချစ်မြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း