ရွှေဘို ဇွန် ၈
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ လူမူရေးပင်စင်အကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက လူမှုရေးပင်စင်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်က လူမှုရေးပင်စင် လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ၊ လူမှုရေးပင်စင်လျှောက်ထားရမည့် အသက်အပိုင်းခြားများ၊ လျှောက်ထားရမည့် နေရာများ၊ ရရှိမည့်ထောက်ပံ့ငွေ၊ ထုတ်ယူရမည့်နေရာများ လူမှုရေးပင်စင် အစောဆုံးခံစားခွင့်နှင့် ရပ်ဆိုင်းခံရမည့်အချိန်များအကြောင်း အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)