သာကေတမြိနယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ပထမအကြိမ်ထိုးနှံ

သာကေတ ဇွန်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ အထက်တန်း(၆)ကျောင်း၊ အလယ်တန်း(၇)ကျောင်း၊ မူလတန်း(၄၆)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ချိန်၌ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစွာပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီ၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ(၅၈၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်အား‌ ‌ ဆေးထိုးအဖွဲ့(၁)ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်းတို့မှ ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/မရှိ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ/မရှိ စနစ်တကျ စစ်ဆေးကာထိုးနှံဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကင်းဝေး၍ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက်‌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူများအား ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)