စုကလိမြို့တွင် ဒေသထွက်တညင်းသီးများ ယခင်နှစ်ထက်စျေးကောင်းရရှိ

စုကလိ   ဇွန်   ၇

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် ရာသီပေါ်သီးနှံတစ်ခုဖြစ်သည့် တညင်းသီးများ ယခင်နှစ်ထက်ပိုမို၍ စျေးကောင်းရရှိပြီး ပေါများစွာထွက်ရှိကြောင်းသိရသည်။

ရာသီပေါ်သီးနှံဖြစ်သည့် တညင်းသီးကို စျေးကွက်အတွင်းသို့ ရောင်းချရာတွင် အခွံပါ အလုံးရေအလုံး (၅၀) အား ထိုင်းဘတ်ငွေ (၁၀၀) ဘတ်အထိရရှိပြီး အခွံချွတ်ပြီးသား တညင်းသီးများအား လေးထောင့်သံပုံးတစ်ပုံးလျှင် ထိုင်းဘတ်ငွေ (၂၅၀) အထိရရှိပြီး ယခင်နှစ်ထက်စျေးကောင်းရရှိကာ ထိုင်းနိုင်ငံနှင့် စခန်းသစ်ကျေးရွာများမှ ဝယ်ယူလျက်ရှိသည်။

စုကလိမြို့သည် တောင်ယာစိုက်ပျိုးခြင်းအပြင် ရာသီပေါ်သီးနှံများ ခူးဆွတ်ရောင်းချခြင်း၊ ဒေသတွင်းစီးပွားရေးဖြစ်သည့် ရိုးရာဂျပ်ခုတ်ရက်လုပ်ခြင်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်သည့်မြို့ဖြစ်ကြောင်းသိရသည်။

ပိုပိုအောင်