အမြို့မြို့အနယ်နယ်သတင်းများ

May 18,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းတွင် နိုင်ငံတော်အစိုးရ သစ်၏ ရက်(၁ဝဝ) စီမံချက်လုပ်ငန်းများတွင်ပါဝင်သည့် အမှတ်စဉ်(၁/၂ဝ၂၆) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူးသင်တန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါသင်တန်း ကျောင်းခန်းမတွင် ကျင်းပသည်။
May 18,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုလောဘဏ်ခွဲ၌ နိုင်ငံတော်အစိုးရ၏  ရက်ပေါင်း (၁၀၀)ကာလအတွင်း ဆောင်ရွက်မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ - မိုး(စပါး) စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးခြင်း အခမ်းအနားကို  မေ ၁၈ ရက် နံနက်ပိုင်းက ပုလောမြို့နယ်ဘဏ်ခွဲ၌ ကျင်းပသည်။
May 18,2026
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၌ (၂၂)ကြိမ်မြောက် ကျိုက်မရောမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း၌ ကျင်းပသည်။
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ သမဝါယမအသင်းသားတောင်သူများအား သမဝါယကန်ထရိုက်လယ်ယာစနစ် (Cooperative Contract Farming) စနစ်ဖြင့် အ‌ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသင်းသားတောင်သူများနှင့် တွေ့ဆုံပွဲကို မေ ၁၇ ရက် မွန်းလွဲ ၂ နာရီက ဂျိုကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌ နေအိမ်တွင် ပြုလုပ်သည်။
May 18,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက စစ်တုရင်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
May 18,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကမာဖရံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
May 18,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်သည့် လူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်း၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေး ခုတင်-၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်သည်။
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် တိုင်းရင်းကုသခြင်း၌ အကျိုးကျေးဇူးများပြားစေရန် ရည်ရွယ်ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများက ကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ဆေးကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက ချောင်းခွကျေးရွာ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။