သနပ်ပင်မြို့နယ် ကမာဖရံရွာကျေးတွင် နယ်လှည့်အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

သနပ်ပင် မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကမာဖရံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညိုပြာက ကမာဖရံကျေးရွာအတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများကိုပြောကြားပြီး  လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက  အသိပညာတိုးပွားစေမည့်  ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို နံရံကပ်စာစောင်များပြသရာ ကျေးရွာသား/ကျေးရွာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)