Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေဘိုမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် မေလ(၁၈)ရက်နေ့က ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် မြေငှားဂရမ်ဆောင်ရွက်မည့် မြေနေရာများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာ ဈေးရောင်းချခြင်းကို မေ ၁၈ ရက် နံနက် ၇ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ ၂၀၂၆ ဘဏ္ဍာနှစ်မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မြေပြုပြင်ထွန်ယက်ခြင်း လုပ်ငန်းဆောင်ရွက်
May 18,2026
နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် မိုးစပါးစိုက်ဧကများတွင် မြေပြုပြင်ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေး
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက် ၁၀၀ (လမင်း)စီမံချက်ဖြင့် စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်ဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့၌ သမဝါယမအသင်းသားထံသို့ စုဆောင်းငွေပေါ်အတိုးထုတ်ပေးခြင်းဆောင်ရွက်
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမအသင်းသားများထံသို့ စုဆောင်းငွေအပေါ် အတိုးထုတ် ပေးခြင်းအခမ်းအနားကို အဆိုသမဝါယမအသင်းဆိုင်တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်
May 18,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး စုပေါင်းဆောင်ရွက်
May 18,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းသန့်ရှင်းသာယာလှပရေးအတွက် မေ ၁၈ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) ဖွင့်လှစ်
May 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆)ကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
166
Page
167
Page
168
Page
169
Current page
170
Page
171
Page
172
Page
173
Page
174
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department