တံတားဦး မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် တိုင်းရင်းကုသခြင်း၌ အကျိုးကျေးဇူးများပြားစေရန် ရည်ရွယ်ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများက ကျန်းမာရေးအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ဆေးကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက ချောင်းခွကျေးရွာ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကွင်းဆင်း၍ ဆေးကုသရေးအဖွဲ့မှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေက ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်ပိုင်းဆိုင်ရာများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများအကြောင်းကို အျယ်တဝင့် အသိပညာပေး ဟောပြောပြီး ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်ကိုက်ခဲခြင်း အခြားရောဂါလက္ခဏာများကို တိုင်းရင်းဆေးပညာဖြင့် ကုသပေးပြီး လိမ်းဆေး၊ သောက်ဆေးပေးခြင်း၊ ရာသီအလိုက်ဖုစ်ပွားသော ရောဂါများကို ချောင်းခွကျေးရွာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၄၀ ဦးတို့အား ကျေးရွာအရောက် ကွင်းဆင်း၍ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)