Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေးမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Jun 10,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မေလ ၂၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနပူးပေါင်း၍ Fitness Dance သင်တန်းဖွင့်လှစ်
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် Fitness Dance သင်တန်းအား ယမန့်နေ့ ညနေ ၄ နာရီ အချိန်တွင် ငပုတောမြို့အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်
Jun 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦမြို့နယ် ခရိုင်စာရင်းစစ်ရုံး မြေနေရာအသုံးပြုထားခြင်းအတွက်၊ ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှ၌ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ခင်း ထယ်တိုးမြေ ပြုပြင်ခြင်း သရုပ်ပြပွဲ ကျင်းပ
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ ကျောက်တိုင်ကျေးရွာကွင်း အမှတ်(၇၇၃A)၊ ဦးရွှေညာ လယ်မြေ(၃ဧက)၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ခင်း ထယ်ထိုးမြေပြုပြင်ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ နေကြာစိုက်ခင်းနှင့် ကြံစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု
Jun 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ နေကြာစိုက်ခင်းနှင့်ကြံစိုက်ခင်းများ စနစ်တကျစိုက်ပျိူးထားရှိပြီး အထွက်နှုန်းကောင်းများရရှိရန်အတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် သုံးမွှာပူးကလေးမွေးဖွားသော မိခင်အားဗဟိုမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေနှင့်လိုအပ်သော ဆေးဝါးများထောက်ပံ့ပေးအပ်…
Jun 10,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ရွှေဇံသီးကျေးရွာအုပ်စု၊ တုန်းခေါင်းကျေးရွာနေ (သုံးမွှာပူး) မွေးဖွားသောကလေးမိခင်အား ယမန်နေ့နံနက် ၁၀ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ပတ္တမြားခန်းမဆောင်တွင် ဗဟိုမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် စလင်းမြို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ထောက်ပံ့ငွေနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် ရာသီပေါ်ယိုးဒယားပိန္နဲသီးအမှည့်များ အဝယ်လိုက်၍ဈေးကောင်းရရှိ
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ငန်းထား၍ စီးပွားရေးအဖြစ်လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ရာသီပေါ်ယိုးဒယားပိန္နဲသီးအမှည့်များမှာ အဝယ်လိုက်ပြီး ဈေးကောင်းရရှိကာရောင်းချနေရကြောင်း ကလိန်အောင်မြို့ရှိ ယိုးဒယားပိန္နဲသီးအပင်စိုက်ပျိုးတောင်သူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံတိရိစ္ဆာန် ကျန်းမာရေးလုပ်သားသင်တန်း (၁/၂၀၂၂)သင်တန်းသားများအား နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းတွေ့ ဆုံအားပေး
Jun 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းပညာ တက်မြောက်စေရေးရည်ရွယ်၍ အခြေခံတိရိစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17204
Page
17205
Page
17206
Page
17207
Current page
17208
Page
17209
Page
17210
Page
17211
Page
17212
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department