အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2022
ဇွန်လ ၂၆ ရက်​နေ့တွင် ကျ​ရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာ​ပေး Talk Show ​ဆွေး​နွေးပွဲကို ကရင်ပြည်နယ်၊ ​ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံး၌ ယ​နေ့နံနက်(၁၁)နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့်  အသိပညာပေး Talk  Show ကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက စာသင်ကျောင်းများနှင့် လူစည်ကားသည့်နေရာများ၌ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 23,2022
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေကြသည့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို သိရှိနိုင်‌စေရန်နှင့် ကြိုတင်ကာကွယ် ရှောင်ရှားနိုင်‌စေရေးတို့ကို ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကအခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။
Jun 23,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီကစာသင်ကျောင်းနှင့် လူစည်ကားရာနေရများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Jun 23,2022
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 23,2022
ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပ ာ ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ တတိယနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။