အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2022
မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက  ဟိုခဲရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်မှ ဒေသခံအချို့သည် ဒေသထွက် ကြာဖူးကြာပန်းများကို တစ်နိုင်တစ်ပိုင် ဝယ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေကြကြောင်း သိရသည်။
Jun 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာလုပ်ငန်း သင်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် မဲခေါင်-လန်ချန်းစီမံကိန်းဖြင့်စိုက်ပျိုးမည့် မက္ကဒေးမီးယားပျိုးပင်များ ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထက(ရွှေသောင်ယံ)တွင် ယမန်နေ့နံနက်(၉) နာရီက အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာ မြို့ပေါ်ရပ်ကွက်များရှိ မူလတန်းကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူလေးများ လာရောက်ထိုးနှံခဲ့ကြသည်။
Jun 28,2022
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနား မြို့နယ်အတွင်းရှိ လူငယ်ပြုစု ပျိုးထောင်ရေးနှင့် မူးယစ်ဆေးဖြတ်စခန်း (၇)ခုမှ ဦးဆောင်ကျင်းပသည့် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၂၆ ရက်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြသည်။
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ် လျက်ရှိသော အမှတ်(၃)ရပ်ကွက်၊ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်များ၏ သင်ယူလေ့လာ နိုင်စွမ်းနှင့် ကာယ၊ ဉာဏ ဖွံဖြိုးတိုးတက်စေရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ (၁)နာရီက မိဘ အုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။