အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ်(မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို နားကန်းကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
Jun 28,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 28,2022
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ လက်ပံတန်းမြို့နယ်အတွင်း တောင်သူများသို့ ထုတ်ချေးခဲ့သည့် နှစ်စဉ်ရာသီအလိုက်ချေးငွေများအနက် တောင်သူများ၏ ဆန္ဒအလျောက် ချေးယူထားသည့်မည်သည့်ချေးငွေမဆို အပြေအကျေပေးဆပ်ပြီးသည့် တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေ ၃၀ ရက်မှစတင်၍ ထုတ်ချေးပေးခဲ့ရာ အချိန်စေ့လွန်ချေးငွေများ ပြေကျေအောင် ပေးဆပ်ပြီးသည့် တောင်သူများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်မှု မှန်ကန်ပြီး ငွေချေးစည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်ပါက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 28,2022
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်​ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ဆယ့်နှစ်ရွာကျေးရွာ တောင်သူ ဦးသန်းထိုက်အောင်၏ သရုပ်ပြစိုက်ခင်း လယ်မြေ (၀.၆) ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။