အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2026
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် နှစ်လည်မဂ္ဂဇင်းကော်မတီက ကြီးမှူးကျင်းပသည့် “ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်း” စာမူရှင်ဂုဏ်ပြုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်၊ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာမာလာယုအောင်၊ နှစ်လည်မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ထွေးရီနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ စာမူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Jan 02,2026
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်အတက်/အဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်တောင်ခြေအရှေ့ဘက်ခြမ်း သစ်ချကျေးရွာ တံတားဖြူ၌ စတင်တာလွှတ်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား/အမျိုးသမီးပြိုင်ပွဲဝင် ၁၈၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
Jan 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဆောင်းသီးနှံမျိုးစုံစိုက်ပျိုးခဲ့ရာ စိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
Jan 02,2026
နေပြည်တော်လူမှုဝန်ထမ်းရုံးနှင့် အလှူရှင်များစုပေါင်း၍ (၃၃) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားဘိုးဘွားရိပ်သာ၌ ကျင်းပသည်။
Jan 02,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀/-) နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ဩဂုတလနှင့် စက်တင်ဘာလများအတွက် ထောက်ပံ့ငွေ (၆၀၀၀၀/-) ကျပ် ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။          
Jan 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွဲဒရွတ်ကျေးရွာအုပ်စု၊ ကျွဲဒရွတ်ကျေးရွာနှင့် ထန်းတပင်မြို့နယ် ဖိုးဝဲကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော ပန်းလှိုင်ချောင်းကူးတံတား ကျေးလက်ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီ မိနစ် ၃၀က အဆိုပါ တံတား၌ကျင်းပခဲ့သည်။
Jan 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော အိုင်ကြီးကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။