အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီက ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
Jan 02,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးစံပြမိခင်နှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။
Jan 02,2026
မကွေးတိုင်း‌ဒေသကြီး ၊ သရက်ခရိုင် ၊ မင်းလှမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူငယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်၊ ပညာ့မာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အောင်လံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
Jan 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (၇၈) နှစ်​မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇန်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက လှေဆိပ်ကျေးရွာရှိ စူပါအောင် ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။
Jan 02,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက်၊ အခြေခံ ပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။