အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 02,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.လ.က လမ်းမတော်ကျောင်း၊ သီရိရတနာခန်းမ၌ (၂၃)ကြိမ်မြောက် အ.လ.ကလမ်းမတော်ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို  ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Jan 02,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းနှင့်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းတို့ကို ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ပို့ချလျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်သည် မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်ကော်မတီဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
Jan 02,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က ပင့်သံဃာ ၃၂၀ ပါးတို့အား ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။
Jan 02,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက် နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 02,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား (၄) ယောက်တွဲ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲကို ယမန်နေ့ညနေက ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 02,2026
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ကျင်းပသော MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပထမနေ့တွင် ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် လာရောက် လည်ပတ်ကြပြီး ဈေးရောင်းပွဲတော်နှင့်ဂီတပွဲ‌တော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
Jan 02,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ ဆောင်းကြက်သွန်နီများ စတင်တူးဖော်လျက်ရှိရာ အထွက်နှုန်းကောင်းမွန်ပြီး ဝယ်ယူဈေးသင့်တင့်သည့်အတွက် စိုက်ပျိုးရောင်းချသူတောင်သူများ အဆင်ပြေကြောင်း သိရသည်။