အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(သရက်ချောင်း) ပညာရတနာခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျင်းပသည်။
Jan 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဓမ္မိတ်ခေတ်မီစံပြကျေးရွာ (Smart Village) ၌ စီမံကိန်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား ဂဝံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးသည်။
Jan 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် ရိုက်နှိပ်သည့် ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ဥသျှစ်ပင်မြို့ အ.ထ.က ကျောင်းရှေ့ လမ်းမကြီးပေါ်ရှိ ဖြတ်သွားဖြတ်လာ ခရီးသွားဧည့်သည်များ၊ ဒေသခံပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။
Jan 10,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပြည်သူများ ပိုမိုပါ၀င်ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားတိုင်းအခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ရွှေပြည်သာမြို့နယ်ရှိ လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးလျက်ရာ အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းဈေး၊ အမှတ် (၂၄) ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများ၊ YBS ကား‌ ပေါ်မှ ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
Jan 10,2026
ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏါပိုင်အောက်ရှိ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် (20/ 21) ရှိ Wilmar Myanmar Flour Mills Limited လုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို ယမန်နေ့ (၈) နာရီက ဆောင်ရွက်ပေးခဲ့သည်။
Jan 10,2026
ရမည်းသင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဗဟိုဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင်ထူးချွန်ဆုရရှိခဲ့ကြသောကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီက ကျင်းပသည်။
Jan 10,2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင် မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်းထားရှိမှုများကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဌေးဦးနှင့် အဖွဲ့ဝင်များနှင့်အတူ မိုင်းရယ်မြို့ပေါ်ရှိ မြို့ပေါ်မဲရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။