အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်သို့ ရောက်ရှိ‌လာကြပြီဖြစ်ကြောင်း သိရသည်။
Jan 15,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာခင်မောင် ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသနိုင်ရေး အကြိုစမ်းသပ်စစ်ဆေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်နိုင်ရေး ကြိုတင်အံကပ် ပုံစံယူခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြင်ပလူနာနှင့် ပြင်ပလူနာအထူးကုဌာန (အရေးပေါ်ဌာန) ၌ ဆောင်ရွက်ခဲ့သည်။
Jan 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ဇန်နဝါရီ ၁၃ ရက်နေ့ နေလယ် ၁၁ နာရီအချိန်က ရောက်ရှိရာ သာကေတမြို့နယ် ရဲစခန်းဓမ္မာရုံ၌ ကောမှူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဦးကျော်ဇင်ထက်မှ လွှဲပြောင်းပေးအပ်ခဲ့ရာ သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် MEVM နည်းပညာအထောက်အကူပြုအဖွဲ့တာ၀န်ရှိသူများ၊ မြို့နယ် MEVM နည်းပြအဖွဲ့တာ၀န်ရှိသူများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ဦးစီးအရာရှိ ဒေါ်နှင်းယုကျော်နှင့် အဖွဲ့မှ လက်ခံဆောင်ရွက်ထားရှိကြောင်း သိရသည်။
Jan 15,2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် (၈၉၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ ညောင်ရွှေမြို့သို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
Jan 15,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာအား ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေး စီမံကိန်းလုပ်ငန်းခွင်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျေးလက်ပြည်သူများအတွက် လူမှုကာကွယ်ရေးဆိုင်ရာများ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
Jan 15,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Jan 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊​ မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 15,2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ‌ကော့မှူးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု (၆၂) ခုရှိ မဲရုံ (၁၂၀) ရုံများတွင် အသုံးပြုခဲ့သော MEVM မဲပေးစက် (၅၂၅) လုံးနှင့် အရန်မဲပေးစက် (၇၂) လုံး၊ စုစုပေါင်း မဲပေးစက် (၅၉၇) လုံးကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်က ကော့မှူးမြို့နယ်‌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ဆောင်ရွက်မည့် မြို့နယ်များသို့ လိုက်လံပို့ဆောင်ပေးနေကြောင်း သိရသည်။