အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရာ ငရုတ်သီးအပင်များ အောင်မြင်ဖြစ် ထွန်းပြီး ငရုတ်သီးစိမ်းစျေးများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။
Jul 09,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် ယနေ့နံနက် (၁၀)နာရီက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ကချင်ဇုန်) တို့ပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ် (၁/၂၀၂၂) ပထမအကြိမ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်းဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
Jul 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာအုပ်စု၊ လှေတန်းကျွန်းကြီးကျေးရွာ စစ်တောင်းမြစ်ကူး ကူးတို့ဆိပ်၌ ယနေ့နံနက်(၇)နာရီ (၄၅)မိနစ်အချိန်၌ PDFအကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းနင်းမိ၍  ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မိသားစုအား ပဲခူးတိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပံငွေပေးအပ်ကြောင်း သိရရှိရသည်။
Jul 09,2022
၁၃၈၄ခုနှစ် ဝါဆိုလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး TALK SHOW ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့ နေ့လယ် (၁၂)နာရီက ပြုလုပ်ခဲ့သည်။
Jul 09,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်း၏ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်သည်။
Jul 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် နေ့စဉ်ဝင်ရရှိရေး ဂန္ဓမာပန်းများ နှစ်ပတ်လည် စိုက်ပျိုးရောင်းချများရှိကြောင်းသိရှိရပြီး သံရွာကျေးရွာအုပ်စု ညွှန့်ပင်ကျေးရွာတွင် စိုက်ပျိုးထားသော ဂန္ဓမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ်ရောင်းချသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။