မြို့သစ်မြို့နယ်၏ ဒေသထွက်ငရုတ်သီးစိမ်းများ စျေးကောင်းရ၍ ငရုတ်စိုက်တောင်သူများ အဆင်ပြေ

မြို့သစ် ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရာ ငရုတ်သီးအပင်များ အောင်မြင်ဖြစ် ထွန်းပြီး ငရုတ်သီးစိမ်းစျေးများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ငရုတ်သီးစိမ်းကို ဒေသခံပြည်သူများ ရာသီမရွေး စားသုံးကြပြီး မိသားစုဝင်ငွေ တိုးပွားစေရန် စိုက်ပျိုးသူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက် ရှိသည်။ လက်ရှိဈေးကွက်အတွင်း ငရုတ်သီးစိမ်း တစ်ပိ ဿာလျှင် (၄၀၀၀) ကျပ် စျေးရောင်းချနေရပြီး စားသုံးသူများ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ငရုတ်သီးစိမ်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်း လာသည့်အတွက် ဈေးနှုန်းများ အနည်းငယ်မြင့်တက် လာကြောင်းသိရသည်။

ငရုတ်သီးစိမ်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်ကငရုတ်သီးစိမ်းများကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုငရုတ်သီးစိမ်း စိုက်ပျိုးမှုကို မြေအောက်ရေအသုံးပြုကာ ရာသီမရွေး စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင်ဆောင်းရာသီအတွက် ငရုတ်သီးစိမ်း ထုတ်လုပ်ရောင်း ချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး ငရုတ်အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း၊ ယခုနှစ်မှာ မျိုးစေ့၊ ပျိုးပင်း၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက် သွင်းအားစု စရိတ် ပိုကြောင်း၊ ယခင်က ငရုတ်သီး စိမ်းစျေးတစ်ပိဿာ (၂၀၀၀/၂၅၀၀) ကျပ် စျေးရောင်းချခဲ့ပြီး ယခုအခါ ငရုတ်သီးစိမ်းစျေးများ (၃၈၀၀) ကျပ် (၄၀၀၀) ကျပ် စျေးရောင်းချလာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ငရုတ်စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)