ပုသိမ်ကြီးမြို့နယ်တွင် ဝါဆိုလပြည့်နေ့အကြောင်း အသိပညာပေး TALK SHOW ဆွေးနွေးပွဲကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၉

၁၃၈၄ခုနှစ် ဝါဆိုလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး TALK SHOW ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့ နေ့လယ် (၁၂)နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာအေးနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ စုလှိုင်(ပြန်/ဆက်)တို့က ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့တစ်နေ့ဖြစ်ပြီး၊ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်၍၊ ဓမ္မစကြာနေ့ဟုလည်း ခေါ်ကြလေ့ရှိသည်။

 ဝါဆိုသင်္ကန်းဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းဖြစ်တာကြောင့် ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါကြောင်း၊ မိုးကာလ၌ ဝါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိကြသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ (ပရိယတ်) တရားထိုင် တရားပြ (ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆိုပြီး ထေရဝါဒ ဗုဒ္ဓဘာသာ၀င်တွေက လှူဒါန်းကြတာဖြစ်ပြီး၊ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်