ကျောက်တံခါး ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာအုပ်စု၊ လှေတန်းကျွန်းကြီးကျေးရွာ စစ်တောင်းမြစ်ကူး ကူးတို့ဆိပ်၌ ယနေ့နံနက်(၇)နာရီ (၄၅)မိနစ်အချိန်၌ PDFအကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မိသားစုအား ပဲခူးတိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပံငွေပေးအပ်ကြောင်း သိရရှိရသည်။
အဆိုပါ ထောက်ပံငွေပေးအပ်ရာတွင် PFDအကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရွေကျင်မြို့နယ် ဟင်္သာဝဲကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာနေ မအငယ်မ(ခ) မချစ်သက်သက်အောင်နှင့် သားဖြစ် မောင်အောင်ဆန်းလင်းမိသားစုအား ပဲခူးတိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံသည့် ငွေကျပ်(၁၀)သိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံသည့် ငွေကျပ်(၁)သိန်း စုစုပေါင်းထောက်ပံငွေ(၁၁)သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ ထိခိုက်ဒဏ်ရာရှိသည့်မိသားစုမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)