ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေး

ဒေးဒရဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းများကို မြို့နယ်သာသနာ့ဗိမာန် တော်ကြီးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ ဌာနဆိုင်များနှင့် အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန်  (၁၈)နှစ်အထက် လျာထားဦးရေ (၁၇၈၆၆၅)ဦး၊ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ(၁၃၀၄၄၂)ဦး ထိုးနှံပြီးစီးပြီဖြစ်ပြီး အပိုဆောင်းကာကွယ်ဆေး ထိုးနှံမည့် လျာထားဦးရေ(၂၂၉၂၀) ဦးအနက်၊ ထိုးနှံပြီးစီးသူ(၁၀၁၄၇)ဦးနှင့် ထိုးနှံရန် ကျန်ရှိသူ (၁၃၄၄၆)ဦးအား ဆက်လက်ထိုးနှံပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

အေဇာလင်း