အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး

အမရပူရ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၈)နာရီခွဲအချိန်က ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာစိုးကိုကိုဇော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ဆေးထိုးကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူလူဦးရေစာရင်းမှာ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျား(၂၃၄)ဦး၊ မ(၂၂၃)ဦးနှင့် အသက်(၁၂)အထက် ကျား(၉၄)ဦး၊ မ(၇၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ(၆၂၆)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)