အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ လဝကဝန်ထမ်းများမှ"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အထက(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ "အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး" (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ(၁)နာရီတွင် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ SMU သိရိမင်္ဂလာခန်းမ၌ မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတောင်သူများနှင့် တွေ့ဆုံသည်။
Jul 21,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်က အဆိုပါဘဏ်ခွဲတွင် ​ကော့မုပွန်​ကျေးရွာနှင့် ဟင်္သာကျွန်းကျေးရွာရှိ တောင်သူ (၉၈) ဦးအား လယ်ဧက(၆၀၁)ဧကအတွက် ချေးငွေ (၉၀၁) သိန်း (၅) သောင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Jul 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆိုလာစနစ် ရေရရှိရေးလုပ်ငန်းတို့ကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးနှင့်  မြို့ နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Jul 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန (ဆေးရုံဟောင်း) တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  (Booster dose) ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူလာသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ယနေ့နံနက် ၇နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster  dose) ထပ်ဆောင်းထိုးနှံပေးခဲ့‌ကြောင်း သိရသည်။