ကန့်ဘလူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကန့်ဘလူ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန (ဆေးရုံဟောင်း) တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးရန် လာရောက်ကြေသာ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ လူစုလူဝေး မဖြစ်ပေါ်စေရေး ၊သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှထုတ် ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)