ရေတာရှည်မြို့နယ်၌ အသက်​မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင် သင်တန်းဖွင့်လှစ်

ရေတာရှည်  ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်က သင်ထောက်ကူ ပစ္စည်းများအား ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းအား(၂၀..၂၀၂၂)ရက်​နေ့မှ (..၂၀၂၂)ရက်​နေ့အထိ (၁၄) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား( ၂၀) ဦး တက်​ရောက်ကြောင်း သိရသည်။

ရေတာရှည်