မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ( Booster dose) ထပ်ဆောင်းထိုးနှံပေး

အထက်မင်းလှ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  (Booster dose) ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူလာသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ယနေ့နံနက် ၇နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster  dose) ထပ်ဆောင်းထိုးနှံပေးခဲ့‌ကြောင်း သိရသည်

ထိုသို့ကာကွယ်ဆေး ထိုးနှံရာ၌မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူလာသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများမှကိုဗစ်-၁၉ ရောဂါကာကွယ်‌ ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသာ ပင်စင်စား (၂၀၆) ဦးအား (Booster dose) ထပ်ဆောင်း Covishield ကာကွယ်‌ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ကူညီဆောင်ရွက်‌ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာစန်းစန်းမိုးတို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)