ချောင်းဆုံ ဇူလိုင် ၂၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်က အဆိုပါဘဏ်ခွဲတွင် ကော့မုပွန်ကျေးရွာနှင့် ဟင်္သာကျွန်းကျေးရွာရှိ တောင်သူ (၉၈) ဦးအား လယ်ဧက(၆၀၁)ဧကအတွက် ချေးငွေ (၉၀၁) သိန်း (၅) သောင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ချေးငွေများထုတ်ချေးပေးရာတွင် ယခင်ထုတ်ချေးပေးထားသည့် တောင်သူများ ငွေပြန်လည်ပေး ဆပ်ပြီးမှသာထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း၊ ထုတ်ချေးပေးသည့်ငွေမှာ အတိုးနှုန်းအားဖြင့် တစ်နှစ်လျှင်ချေး ငွေ၏ (၅) ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ ဇူလိုင်(၂၁)ရက်နေ့အထိ ထုတ်ချေးပေးခဲ့သည့် ကျေးရွာပေါင်း (၄၀)ရွာရှိပြီး တောင်သူပေါင်း (၃၅၇၉)ဦး၊ စိုက်ဧကပေါင်း (၂၄၂၃၁) ဧကအတွက် ချေးငွေပေါင်း (သုံးသောင်းခြောက် ထောင်သုံးရာလေးဆယ့်ခြောက်သိန်း၊ ငါးသောင်း) ကျပ် ထုတ်ချေးပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၈၅) ရာခိုင်နှုန်းကျော် ထုတ်ချေး ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ကျေးရွာ(၆)ရွာကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)