ရေတာရှည် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆိုလာစနစ် ရေရရှိရေးလုပ်ငန်းတို့ကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးနှင့် မြို့ နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၃၂ ဒသမ ၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာနှင့် ကုန်းကြီးလမ်းဆုံ-သိုင်းဝကျေးရွာ ဆက်သွယ် ထားသော မြေသားလမ်းအရှည် ၁၇၄၉ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၁၂ လက် မ၊ ကျောက်ရောမြေအရှည် ၁၇၄၉ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိလမ်းပိုင်းနှင့် ရေပြွန်ပါ ကွန်ကရစ်တံတားတို့အားလည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၆ ဒသမ ၁၅၀ သန်းဖြင့် ဆောင်ရွက်လျှက်ရှိသော ကွင်းကြီးကျေးရွာအုပ်စု၊ အမတ်ကြီးခုံကျေးရွာရှိ အကျယ် ၄ လက်ခွဲ၊ အနက် ပေ ၄၀၀ ဂါလံ ၂၄၀၀ ဆန့် စင်မြင့်ပါ ဆိုလာစနစ်သုံး တွင်းနက် တူးဖော်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၄၃ ဒသမ ၇ သန်းဖြင့် ဆောင်ရွက်နေသည့် ဝါးတောကြီး ကျေးရွာ အုပ်စု၊ ဇမန်းသာကျေးရွာရှိ အရှည် ၀/၆ ဒသမ ၇၄၂ မိုင်ရှိ ကုန်ထုတ်လမ်း စတင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေတာရှည်