အမြို့မြို့အနယ်နယ်သတင်းများ

Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် သခွတ်ချောင်းကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သည်။
Jul 25,2022
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လူသုံးကုန် ထုတ်လုပ် နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်ခွဲ၌ နိုင်ငံဝန်ထမ်း အငြိမ်းစားများ၏ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် တစ်နှစ်ထက်တစ်နှစ် “ဝ”ဥ ဈေးကောင်းရလာသော်လည်း စိုက်ပျိုးနည်းပညာ အားနည်းနေ၍ တောင်သူများ အခက်ကြုံနေ ရကြောင်း “ဝ”ဥစိုက်တောင်သူများက ပြောသည်။
Jul 25,2022
မန္တလေး၊ ချမ်း​အေးသာစံမြို့နယ်၊ ချမ်း​အေးသာစံအ​နောက်ရပ်ကွက် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ နံကပ်(၂)ထပ်တိုက်အိမ်အား ဖြိုဖျက်​သောလုပ်ငန်းခွင်တွင် ယမန်နေ့ညနေ ၃ နာရီကျော်ခန့်က မ​​တော်တဆမှုဖြစ်ပွားရာမှ တိုက်အိမ်ပြိုကျခဲ့ပြီး အ​ဆောက်အဦဖျက်​သော လုပ်သား (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိကာ(၂)ဦး သေဆုံးခဲ့ကြောင်းသိရသည်။
Jul 25,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၈/၂၀၂၂)၊ ဒု-ရုံပိုင်(အလုပ်သင်)သင်တန်း အမှတ်စဉ် (၃၈/၂၀၂၂) နှင့် IP Networking သင်တန်း အမှတ်စဉ်(၆/၂၀၂၂)များ ဖွင့်ပွဲအခမ်းအနားကျင်းပ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
Jul 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီး၍ (၆)လပြည့်သည့် ပြည်သူများအား(တတိယအကြိမ်) Booster Dose ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား ဇီဝကပန်းခြံဓမ္မာရုံ၌ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jul 25,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။