ချမ်းအေးသာစံ ဇူလိုင် ၂၅
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ နံကပ်(၂)ထပ်တိုက်အိမ်အား ဖြိုဖျက်သောလုပ်ငန်းခွင်တွင် ယမန်နေ့ညနေ ၃ နာရီကျော်ခန့်က မတော်တဆမှုဖြစ်ပွားရာမှ တိုက်အိမ်ပြိုကျခဲ့ပြီး အဆောက်အဦဖျက်သော လုပ်သား (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိကာ(၂)ဦး သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါသေဆုံးသူ၊ ထိခိုက်သူများအား လူမှုကူညီရေးကားများဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အဆောက်အဦပိုင်းအစများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်