မိတ္ထီလာ ဇူလိုင် ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၈/၂၀၂၂)၊ ဒု-ရုံပိုင်(အလုပ်သင်)သင်တန်း အမှတ်စဉ် (၃၈/၂၀၂၂) နှင့် IP Networking သင်တန်း အမှတ်စဉ်(၆/၂၀၂၂)များ ဖွင့်ပွဲအခမ်းအနားကျင်းပ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး သင်တန်းတက်ရောက်မည့် သင်တန်းသားသင်တန်းသူများအား လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။ စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ်(၁၈/၂၀၂၂)ကို သင်တန်း ၂၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ်နှင့် ဒု-ရုံပိုင် (အလုပ်သင်) သင်တန်း အမှတ်စဉ် (၃၈/၂၀၂၂)ကို သင်တန်းသား ၄၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၂၈ ပတ် ကြာမြင့်မည်ဖြစ်သည်။ ၎င်းအပြင် IP Networking သင်တန်း အမှတ်စဉ်(၆/၂၀၂၂)ကို သင်တန်းသား ၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)