အမြို့မြို့အနယ်နယ်သတင်းများ

Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို (၃)မိုင်မြို့သစ် ခရိုင်မီးသတ်စခန်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jul 25,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မိုးမောက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ လူငယ် ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အထကခွဲကျောင်း၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jul 25,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့ နံနက်(၁၀) နာရီအချိန်က ​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်း​ဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
Jul 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်အသစ်များ ကာကွယ်တားဆီး နိုင်စေရေး နှာခေါင်းစည်း (Mask) များ ဆက်လက် တပ်ဆင်သွားလာစေရေးအတွက် ရည်ရွယ်ကာ ဇူလိုင်(၂၅)ရက်နေ့၊ နံနက် (၇) နာရီခွဲအချိန်က စတင်၍ လူနေစည်ကားရာနေရာများ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 25,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည် တက္ကသိုလ်၌ ယနေ့နံနက် ၉ နာရီက ပြည်တက္ကသိုလ် အားကစားနှင့်ကာယပညာ ကော်မတီက ကြီးမှူးကျင်းပ‌သော ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်နှင့် ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ ‌တက်ရောက်ကြည့်ရှုအားပေးသည်။
Jul 25,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးက ကြီးမှူးကျင်းပသည့် တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် မိတ်ဆက် ရှင်းလင်းပွဲကို ယနေ့နေ့လည် (၁၁)နာရီက ဟိုပန်မြို့နယ် တရားရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။