အမြို့မြို့အနယ်နယ်သတင်းများ

Jul 25,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယ​နေ့ နံနက် ၁၀ နာရီအချိန်က စာ​ရေးဆရာချစ်နိုင် (စိတ်ပညာ)​ ရေးသားထားသည့် လူငယ်နဲ့အခွင့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏ အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မိုးရာသီ အဆင့်မြင့် အားကစားသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဖျာပုံမြို့ ပြည်သူ့အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 25,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍ ဖွံဖြိုးတိုးတတ်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက (အ.ထ.က-၂) ရွာသစ်တောင်ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။
Jul 25,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရွှေပေါက်ကံ ဒေသန္တရကျန်းမာရေးဌာန၊ မယ်လမုစင်တာနှင့်(ဌ)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ ကြောင်း သိရသည်။
Jul 25,2022
နေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များရရှိစေရန်၊ တောင်သူများဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသတွင်းစားသုံးဆီဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီက ဘော်ကြိုကျေးရွာရှိ တောင်သူ ဒေါ်နန်းဌေး၏ မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် စံပြစိုက်ခင်းတွင် နေကြာသီးနှံကွင်းပြပွဲနှင့်ထုတ်လုပ်ခြင်း နည်းပညာသင်တန်းပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 25,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံကျေးလက်နေပြည်သူများ  လျှပ်စစ်မီးသုံးစွဲရာ၌ အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ လမ်းညွှန်မှုဖြင့် လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့တွင်းဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်မှုရှိ၊မရှိ ကွင်းဆင်းစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 25,2022
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။