ရွှေပြည်သာ ဇူလိုင် ၂၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီး၍ (၆)လပြည့်သည့် ပြည်သူများအား(တတိယအကြိမ်) Booster Dose ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား ဇီဝကပန်းခြံဓမ္မာရုံ၌ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆေးထိုးသူများနားနေနိုင်ရန်နေရာများ စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ စာရင်းပေးသွင်းခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးဆယ်အိမ်မှူးများ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)