ပေါင်းတည် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်ခွဲ၌ နိုင်ငံဝန်ထမ်း အငြိမ်းစားများ၏ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်ထုတ်ပေးရာတွင် မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူ(၃၀၀၀)ဦးရှိပြီး လစဉ် ၂၁ ရက်မှ ၂၃ ရက်အထိ နေ့စဉ်နံနက် ၇ နာရီခွဲအချိန်မှ စတင်ထုတ်ပေးပြီး နောက်ပိုင်းရက်များတွင် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်အတွင်း ထုတ်ယူနိုင်ကြောင်း ယနေ့လာရောက် ထုတ်ယူသူ (၅၀၀)ဦးရှိခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
အေးအေးဆင့်