အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း အမျိုးသား (10-KM)၊ အမျိုးသမီး (5-KM) မီနီမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊  ကမ်းနားလမ်း ရေပေါ်ဈေး၌ ကျင်းပသည်။
Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံစက်မှုဇုန်တွင် ရွှေငါးသုံးကောင်ကုမ္ပဏီလီမိတက်၏ အဆင့်မြင့်စားအုန်းဆီသန့်စင်စက်ရုံဖွင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ဇုန်အမှတ်(၄)ရှိ အဆိုပါစက်ရုံ တည်နေရာ၌ ကျင်းပခဲ့သည်။
Jan 04,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Jan 04,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲ‌တော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပခဲ့သည်။ အခမ်းအနားမစတင်မီ အမှတ်(၁)အခြေခံပညာအထက်ကျောင်းဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွားအကအဖွဲ့တို့က တက်ရောက်လာကြသော ဧည့်ပရိသတ်များအား တီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည်။
Jan 04,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်ပပြုလုပ်ခြင်းကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ မြို့နယ်အားကစားကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့တွင် ကျင်းပခဲ့သည်။
Jan 03,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။