Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ မှ ၄၀၀ အထိ တိုးမြှင့်ကုသပေးနိုင်တော့မည်
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်လျက်ရှိသည့် ရောဂါကုသရေးဌာနတွင် တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ မှ ၄၀၀ အထိ တိုးမြှင့်ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါအမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ ကျင်းပပြုလုပ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ရောဂါကုသစက်များ (Linear Accelerators-LA) စတင်အသုံးပြုခြင်းအခမ်းအနားမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြေကွက်ပိုင်ရှင်များအား မြေယာလျော်ကြေးငွေပေးအပ်
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်သည့် ဆိပ်ကြီးခနောင်တို- ဒလတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်း၏ တံတားစီမံကိန်းမြေ ဧရိယာအတွင်း ပါဝင်သွားသော ဆိပ်ကြီးခနောင်တိုဘက်ခြမ်းရှိ မြေကွက်ပိုင်များထံသို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဘာသာရပ် ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ တက္ကသိုလ်၏ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Jan 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ထွေ/အုပ်ရုံးနှင့် အ.ထ.ကကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ကောက်ရိုးထုံးစက်ကိရိယာနှင့် ရိုးပြတ်ဖြတ်စက်ကိရိယာများဖြင့် ကောက်ရိုးထုံးခြင်းနှင့် ရိုးပြတ်ဖြတ်ခြင်းများ တောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ…
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာ ကွင်းအမှတ် (၄၈၀)၊ ဦးပိုင်အမှတ်(၁၆)၊ တောင်သူ ဦးနှင်းအောင်ချမ်း၏ (၃)ဧက စပါးစိုက်ကွင်းတွင် မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၄)၊ စက်မှုလယ်ယာစခန်းမှ ဦးစီးကျင်းပသော ကောက်ရိုးထုံး စက်ကိရိယာနှင့်ရိုးပြတ်ဖြတ်စက်ကိရိယာများဖြင့် ကောက်ရိုးထုံးခြင်းနှင့်ရိုးပြတ်ဖြတ်ခြင်းများ တောင်သူ ပညာပေး သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်ရုံး၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ဟင်္သာရွှေမြေသစ်သီးဝလံစိုက်ပျိုးရေးနှင့်တောင်သူလယ်သမားများ တိုင်းဒေသကြီး အလုပ်သမားအဖွဲ့အစည်းတို့ပူးပေါင်းပြီး ယမန်နေ့က အုတ်ဖိုမြို့နယ် မကျီးပင်ကျေးရွာ၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်အတွင်းမှအခြေခံပညာကျောင်း ၂၆၃ကျောင်းရှိ KG တန်း ကျောင်းသူ၊ ကျောင်းသား ၄၈၄၆ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက်
Jan 22,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၆၃ ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူကျောင်းသား ၄၈၄၆ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယမန်နေ့က အ.ထ.က(၅) ရှမ်းတဲတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇန်နဝါရီလ (၅) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ကျေးရွာအုပ်စု (၂၄) အုပ်စု၊ တောင်သူ (၁၇၉၈) ဦးအားထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1673
Page
1674
Page
1675
Page
1676
Current page
1677
Page
1678
Page
1679
Page
1680
Page
1681
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department