နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ  ကွင်းဆင်းစစ်ဆေး

ပျဉ်းမနား ဇန်နဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ပန်ခင်းလမ်းမကြီး ဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ညောင်ပင်သာကျေးရွာ ဝက်မွေးမြူရေးခြံသို့ သွားရောက်ပြီး ဝက်များမွေးမြူထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုများ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများကိုမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် နှမ်းတောကျေးရွာ တောင်သူများ၏ မတ်ပဲစိုက်ခင်းများသို့ရောက်ရှိပြီး မတ်ပဲများအောင်မြင်ဖြစ်ထွန်းနေမှုကိုကြည့်ရှုကာ လိုအပ်သည့် သွင်းအားစုများကို စနစ်တကျထည့်သွင်းပြီး ပိုးမွှားရောဂါ ကျရောက်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများကိုမှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့်တာဝန်ရှိသူများသည် ကူးတို့ဆိပ်ကျေးရွာရှိ ကြက်မွေးမြူရေးခြံသို့ရောက်ရှိကာ ဥစားကြက်နှင့် အသားတိုးကြက်များ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညောင်ပင်သာ-သကြားစက်လမ်း တိုးချဲ့ပြုပြင်ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုကာ လမ်းပြုပြင်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်စံချိန်၊ စံညွှန်းပြည့်မီအောင်ဆောင်ရွက်ရန် မှာကြား ခဲ့ကြောင်းသိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းကိုသို့ရောက်ရှိပြီး  ယာယီမီးဘေးကယ်ဆယ်ရေး စခန်းသို့ အလှူရှင်များ၏ လာရောက်လှူဒါန်းမှုအခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်မှုကိစ္စများ အဆင်ပြေချောမွေ့စေရေးအတွက်  စနစ်တကျစီမံဆောင်ရွက်ပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  

မြို့နယ်(ပြန်/ဆက်)