မော်လမြိုင် ဇန်နဝါရီ ၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း အမျိုးသား (10-KM)၊ အမျိုးသမီး (5-KM) မီနီမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း ရေပေါ်ဈေး၌ ကျင်းပသည်။
ဦးစွာပြိုင်ပွဲဝင်ရောက်မည့်ကျောင်းသား၊ ကျောင်းသူနှင့် ပြိုင်ပွဲဝင်အားကစားသမားများက နေရာယူကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက ပြိုင်ပွဲဝင်များအား သေနတ်ပစ်ဖောက်အချက်ပေးကာ တာလွှတ်ပေးသည်။
ထို့နောက် အားကစားသမားများသည် ကမ်းနားလမ်းတစ်လျှောက် သီရိမြိုင်ရုပ်ရှင်ရုံအထိ၊ ထို့မှတစ်ဆင့် အထက်လမ်းမကြီးတစ်လျောက် ရာမညအကစားကွင်းသို့ပန်းဝင်ကြသည်။
အဆိုပါ အလွတ်တန်း အမျိုးသား (10-KM)၊ အမျိုးသမီး (5-KM) မီနီမာရသွန်ပြိုင်ပွဲ မီနီ အမျိုးသား၊ အမျိုးသမီး အားကစားသမား ၁၇၀ ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
စည်သူ(ပြန်/ဆက်)